Welcome to Mandalay Technological University Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

Welcome to Mandalay Technological University Forum

ဴမန္မာအင္ဂဵင္နီယာမဵားဖိုရမ္
 
HomePortalGallerySearchLatest imagesRegisterLog in

 

 MIT အလွမ်းပြေကဗျာများ

Go down 
AuthorMessage
wkthu
LEVEL '0'
LEVEL '0'



Male
Number of posts : 4
Age : 50
Location : mandalay
Batch if MIT (if not simply fill YIT) : 2001
Registration date : 2006-10-26

MIT အလွမ်းပြေကဗျာများ Empty
PostSubject: MIT အလွမ်းပြေကဗျာများ   MIT အလွမ်းပြေကဗျာများ Icon_minitimeSun Mar 18, 2012 7:12 pm

Sey Gyi
လွမ်းငွေ့ဝေဝေ တက္ကသိုလ်မြေ

မန်းချယ်ရီ
လွမ်းတယ်အတည်လို့
အရမ်းကြည်သူတွေမို့ပြောအားရှိကြ။

တို့များတော့ ပြောနိုင်ပေါင်
ရန်ကင်းတောင် အရှေ့နားဆီသို့
တ, မိသည့်မောင်
တမာတန်းနဲ့ ရေမြောင်းဘောင်
နွားလဘို့တောင် မမေ့အားပေဘူး။

တို့များတကယ်
ငယ်ငယ်တုန်းဆီက
စည်းလုံးခဲ့ကျောင်းတော်မဟာ
ခုချိန်ခါ တစ်နယ်စီဝေးသော်လည်း
တွေးမိတိုင်း နွေးထွေးစွာ
ရင်ထဲမှာ ရှိနေဆဲ။

မြတ်ပညာအမွေပေးခဲ့တဲ့
တို့ကျောင်းရဲ့ ကျေးဇူးရှင်
အနန္တဂိုဏ်းဝင်
ဆရာသခင်၊ ဆရာမအပေါင်းတို့အား
လက်ဆယ်ဖြာ ထိပ်မှာမိုးလို့
ဝပ်တွားကာရှိခိုး။

ဆိုးမိုက်ဖော်ရောင်းရင်းများနဲ့
တို့ပေါင်းဖော် သူငယ်ချင်းများတို့
ကြီးပွားကာ သာစေကြောင်း
မာစေကြောင်း တောင်းဆုခြွေ။
ကောင်းမှုတွေလည်းအမျှဝေ။

မျှော်စမ်းပါ့... ဟကောင်ရာ ...
နောင်တစ်ချိန် အခါသင့်ရင်ဖြင့်
တို့ငယ်ဖော်မိတ်သဟာအပေါင်းနဲ့
ကျောင်းတော်မှာ ပြန်ဆုံခွင့်ကိုလ
ရချင်ပါ့အခါခါ။
ဆုရည်လျက်သာ။

တို့များဖြင့် ခုချိန်ခါ
ရော်ရမ်းကာ မှန်းဆတွေးယောင်မိ
ရေတံခွန်တောင်ခြေရင်းက
ရှုခင်းသာ ကျောင်းတော်အလှကို
လွမ်းလျက်ပင်သာ။

နောင်တကယ်မသွေ အခြေကျရင်ဖြင့်
ရှောင်ဖယ်မနေ အောင်မြေအလှမှာ
မောင်မယ်တစ်တွေ ပြန်လည်တွေ့ကြဖို့
ကိုကြီးစေ ဆန္ဒပြုလိုက်ရတယ်။
ကွယ် ....
အားလုံးကြားကြစေသား။

ခုချိန်ထိ အိမ်ထောင်မပြုသေးသူ သူငယ်ချင်း၊ သူငယ်ချင်းမတို့အတွက် ဆုတောင်း ...

ချယ်ရီသူ အပျိုကြီးများနဲ့
ညောင်ရမ်း ပြင်စည်သား အပြင်
မက္ခရာ၊ ကနောင်၊ လူပျိုသားတို့
ညားကြစေသား။

ကိုစေကြီး
(၂.၂.၂၀၁၂)

ပုံ
ကိုစေကြီး
Back to top Go down
wkthu
LEVEL '0'
LEVEL '0'



Male
Number of posts : 4
Age : 50
Location : mandalay
Batch if MIT (if not simply fill YIT) : 2001
Registration date : 2006-10-26

MIT အလွမ်းပြေကဗျာများ Empty
PostSubject: Re: MIT အလွမ်းပြေကဗျာများ   MIT အလွမ်းပြေကဗျာများ Icon_minitimeSun Mar 18, 2012 7:14 pm

တစ်ခါက MIT

တစ်ခါက MIT
ခုတော့ မပြန်နိုင်ပြီ
ရီဝေေ၀ ဆည်းဆာအလှရယ်
မှုန်ပြပြတောင်တန်းတွေရယ်
စီရရီတမာတန်းတွေရယ်
လည်ပင်းဖက်သူငယ်ချင်းတွေရယ်
တမ်းတတယ်ဆိုတာထက် လွမ်းမိတာအကြိမ်ကြိမ်...
အော်.....အိပ်မက်မက်ခဲ့သလိုပါပဲလား...
ချစ်ရသော MIT


ကိုသူ(ကဗျာချစ်သူ)
Back to top Go down
wkthu
LEVEL '0'
LEVEL '0'



Male
Number of posts : 4
Age : 50
Location : mandalay
Batch if MIT (if not simply fill YIT) : 2001
Registration date : 2006-10-26

MIT အလွမ်းပြေကဗျာများ Empty
PostSubject: Re: MIT အလွမ်းပြေကဗျာများ   MIT အလွမ်းပြေကဗျာများ Icon_minitimeSun Mar 18, 2012 7:18 pm

MIT လွမ်းချင်း
========
တမာရနံ့ သင်းပျံ့ပျံ့
ရနံ့ဝေနေ တို့အမိမြေ...
တောင်ပတ်လည်ဝိုင်း မြူတွေဆိုင်း
ရစ်သိုင်းကာနေ သားတို့အမေ....
စက်မှုစွမ်းအား သားသမီးများ
မွေးဖွားခဲ့ပေ ချစ်သောအမေ.....
မိုးရွာပါက ရေတံခွန်အလှ
လှမ်းမြင်ရပေ ရှုခင်းဝေ.......
မန်းချယ်ရီခို သမီးပျို
တေးဆိုသံခြွေ မောပန်းဖြေ...
လွမ်းတေးသံချို သံပြိုင်ဆို
ရေလိုအေးရွေ့ လန်းစွင့်စေ....
ခြောက်နှစ်တာမျှ ခိုနားကြ
စည်းလုံးကြပေ မောင်နှမတွေ...
ပညာစုံလို့ တူပျံသန်း
အပြိုင်ထမ်းကျ တာဝန်ကျေ.....
ဆုံစည်းခဲ့ကြပေ
လှုပ်ရှားခဲ့ကြပေ
ဆည်းပူးခဲ့ကြပေ
စည်းလုံးခဲ့ကြပေ
တမြေတည်းနေ တရေတည်းသောက်
တမိတည်းပေါက် ရောက်ရာစခန်းမှာ
လျှောက်ကာဆက်လှမ်း မှန်းဆချစ်ဆဲ
အသည်းနှလုံးထဲက စက်မှုမြေ........

ကိုသူ(ကဗျာချစ်သူ)
(24.10.08)
Back to top Go down
Sponsored content





MIT အလွမ်းပြေကဗျာများ Empty
PostSubject: Re: MIT အလွမ်းပြေကဗျာများ   MIT အလွမ်းပြေကဗျာများ Icon_minitime

Back to top Go down
 
MIT အလွမ်းပြေကဗျာများ
Back to top 
Page 1 of 1
 Similar topics
-
» for all who loves Eaindra Kyaw Zin
» Photo Gallery of MIT 4th batch
» Weather becomes colder and colder!
» Theravada Dhamma Websites (2)
» rememberance of EC exhibition

Permissions in this forum:You cannot reply to topics in this forum
Welcome to Mandalay Technological University Forum :: General :: MIT Fourth Batch-
Jump to: