Welcome to Mandalay Technological University Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

Welcome to Mandalay Technological University Forum

ဴမန္မာအင္ဂဵင္နီယာမဵားဖိုရမ္
 
HomePortalGallerySearchLatest imagesRegisterLog in

 

 Heart Hit Stories!!!!

Go down 
2 posters
AuthorMessage
sweety
LEVEL '2'
LEVEL '2'



Female
Number of posts : 58
Age : 47
Batch if MIT (if not simply fill YIT) : YIT
Registration date : 2006-10-31

Heart Hit Stories!!!! Empty
PostSubject: Heart Hit Stories!!!!   Heart Hit Stories!!!! Icon_minitimeSun Jan 07, 2007 12:54 pm

In this thread, I intend to share short stories that shock me. I invite all forum brothers&sisters to participate in HHS thread.
Here is a short story about " A LESSON FROM A LIZARD". Hope you all will like it, too!


အိမ်မြှောင်ပေးတဲ့ သင်္ခန်းစာ


ဤပုံပြင်သည် ဂျပန်တွင် တကယ်ဖြစ်ပွားခဲ့သည်။
တခါက လူတဦးသည် အိမ်ပြင်ရန်အတွက် အိမ်နံရံများကို ဖျက်ချခဲ့သည်။
ဂျပန်စတိုင်လ် အိမ်နံရံများသည် အလယ်တွင် ပျဉ်အရင်ခံပြီး ဘေးနှစ်ဖက်
ကို အုတ်ဖြင့် ပြန်စီထားခြင်းဖြစ်သည်။ ထိုကြောင့် နံရံ အလယ်မှာ အခေါင်း
ပေါက်ဖြစ်နေသည်။ သူသည် နံရံကို ဖျက်ချစဉ် နံရံအတွင်းတွင် အိမ်မြှောင်
တကောင်အား တွေ့မိသည်။ အိမ်မြှောင်၏ အမြီးသည် သံချောင်းတချောင်း
နှင့် ရိုက်မိနေသည်ကို ထူးဆန်းစွာ တွေ့မိသည်။ မလှုပ်သာ မခံသာ သနား
စရာ အိမ်မြှောင်အား ရိုက်မိနေသော သံချောင်းကို သူသေချာ ကြည့်လိုက်
မိသည်။ ထို သံချောင်းမှာ လွန်ခဲ့သော (၁၀)နှစ် အိမ်ဆောက်စဉ်က ရိုက်ခဲ့
သော သံဖြစ်ကြောင်း သူအံသြစွာ တွေ့လိုက်သည်။

(၁၀)နှစ်အတွင်း အိမ်မြှောင်ဘယ်လို အသက်ရှင်ခဲ့သလဲ.....မှောင်မဲနေတဲ့
နံရံအတွင်း မသွားနိုင် မလှုပ်နိုင်ဘဲ အသက်ရှင်ဖို့က သိပ်မလွယ်ကူလှပေ။
အိမ်မြှောင် မည်ကဲ့သို့ အသက်ရှင်နေခဲ့သည်ကို သူအရမ်းသိချင်နေမိသည်။
နံရံကို ဆက်မဖျက်တော့ဘဲ (၁၀)နှစ် အတွင်း အသက်ဆက် ရှင်နေသော
အိမ်မြှောင်ကို သူစူးစမ်းခဲ့သည်။ သိတ်မကြာလိုက်ပါ.....အစာကိုက်ချီထား
သော အိမ်မြှောင် နောက်တကောင်ကို သူ တွေ့လိုက်မိသည်။ သူခဏသာ
မင်သက်သွားမိသည်။ (၁၀)နှစ်လုံးလုံး မပျက်မကွက် အစားကိုက်ချီ ကျွေး
မွေးခဲ့သော နောက်အိမ်မြှောင်ဟာ ဒီအိမ်မြှောင်နဲ့ ဘာတော်သလဲ...ဒါဟာ
ဘယ်လိုမျိုး မေတ္တာလဲ....အဲဒီအိမ်မြှောင်ဟာ သူရဲ့ မိသားစုလား...သူငယ်
ချင်းလား...မောင်နှမလား....ဒါမှမဟုတ်.....


Maylay

Ref: http://nineninesanay.blogspot.com/


Last edited by on Mon Jan 08, 2007 2:57 am; edited 1 time in total
Back to top Go down
LiquidSnake
LEVEL '5'
LEVEL '5'



Male
Number of posts : 132
Age : 45
Location : Singapore
Batch if MIT (if not simply fill YIT) : 8th batch
Registration date : 2006-11-11

PostSubject: Re: Heart Hit Stories!!!!   Heart Hit Stories!!!! Icon_minitimeSun Jan 07, 2007 2:37 pm

Oh my godnessssssss.................
affraid affraid affraid , i m shockeddddddddddddddd...........
Back to top Go down
sweety
LEVEL '2'
LEVEL '2'



Female
Number of posts : 58
Age : 47

PostSubject: Re: Heart Hit Stories!!!!   Heart Hit Stories!!!! Icon_minitimeMon Jan 08, 2007 2:55 am

ကျေးဇူးပါ သမီးလေး
တစ်ခါတုန်းက မိသားစုသုံးဦးမှာ အမေလုပ်သူဟာ မနေ့ညသတင်းကလွှင့်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ခံရပြီးတော့ အိမ်ခြေယာခြေမဲ့နေတဲ့သူတွေကို ပေးဖို့အတွက်ကို ပစ္စည်းတွေရှာနေပါတယ်။
သားကြီးကိုလည်း “သားမလိုတော့တဲ့ပစ္စည်းတွေ အမေ့လာပေး၊ အမေတစ်ခါတည်း ထည့်လိုက်မယ်လို့လဲ လှမ်းပြောလိုက်သေးတယ်”။ သားယူလာတာကတော့ သူမဆော့တော့တဲ့ စစ်သားရုပ်အကျိုးလေးတွေ၊ တင့်ကားပျက်၊ ဘောလုံးဆိုလည်း လေမရှိတော့ပဲဟောင်းနေတဲ့ကစားစရာတွေပါ။
သမီးလေးကတော့ငယ်သေးတဲ့အတွက် အမေလုပ်သူကပဲ သမီးပစ္စည်းလေးတွေ ရှာရတယ်၊ ပြီးတော့ ပစ္စည်းတွေကို သေတ္တာတစ်လုံးတည်း စုထည့်နေတယ်။ သမီးငယ်လေးကတော့ သူတို့နှစ်ယောက်လုပ်သမျှတွေကို ဗိုလ်မရုပ်လေးပိုက်လို့သာ ငေးကြည့်နေရှာတယ်။ အမေက သူ့သားကိုလှမ်းမေးပါတယ် “သားရေ၊ ကျန်သေးလား၊ အမေသေတ္တာပိတ်တော့မယ်”၊ သားကလဲ “မကျန်တော့ဘူးအမေ၊ ပြီးပြီ”တဲ့။ သေတ္တာကိုပိတ်ဖို့ပြင်နေတုန်းမှာ သမီးငယ်လေးက သူ့လက်ထဲက အရုပ်လေးကို တချက်နမ်းပြီး သေတ္တာထဲ ထည့်လိုက်ပါတယ်။

ဒီမှာပဲ အမေကသမီးငယ်ကို “ဒီအရုပ်လေးက သမီးညတိုင်းဖက်အိပ်နေကျမဟုတ်လား၊ သမီးအရမ်းနှစ်သက်တယ်ဆို၊ ဘာလို့လဲသမီး”လို့ဆိုလိုက်တဲ့ခဏ သမီးငယ်လေးဖြေလိုက်တာကတော့ “သူတို့ကိုလဲ ပျော်စေချင်လို့ပါ၊ သမီးက ထပ်ဝယ်လို့ရတယ်”တဲ့။ အမေက သမီးပြောတဲ့စကားလေးကြားလိုက်ရမှပဲ အသိတရားရသွားသလို အဟောင်းအနွမ်းတွေ၊ အပျက်အစီးတွေနဲ့ ပြည့်နှက်နေတဲ့ သူ့သေတ္တာကိုကြည့်ပြီး ရှက်သွားပါတယ်။ သမီးလေးကိုလည်း ပွေ့ပိုက်ပြီး “ကျေးဇူးပါ သမီးလေးရယ်” လို့ မျက်ရည်ဝဲပြီး ပြောရှာပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ သဘာဝအန္တရာယ်ကြောင့် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားရှာတဲ့သူတွေကို သူပေးမယ့်ပစ္စည်းတွေက ဘာတစ်ခုမှ အသုံးမ၀င်တော့တဲ့ အဟောင်းအနွမ်း၊ အပျက်အစီးတွေဖြစ်နေပြီး၊ သူတောင်မလိုချင်တော့လို့ လွှင့်ပစ်တော့မယ့် ပစ္စည်းတွေဖြစ်နေတဲ့အတွက်ရယ်၊ ပစ္စည်းရတဲ့ချိန်မှာ ၀မ်းသားအားရနဲ့ ဖွင့်ကြည့်မယ့်မျက်နှာတွေ သေတ္တာထဲကပစ္စည်းတွေ မြင်လိုက်ရလို့ စိတ်ပျက်သွားမယ့်မျက်နှာတွေကို သူမြင်ယောင်လာလို့ပါ။ ဒါနဲ့ပဲ သူဟာ သေတ္တာထဲက ပစ္စည်းတွေပြန်ထုတ် သူ့ဆီကကောင်းတဲ့ပစ္စည်းတွေပြန်ထည့်၊ သားလုပ်တဲ့သူကလည်း သူကစားနေကြကစားစရာအကောင်းတွေ ပြန်ထည့်၊ ပြီးတဲ့အခါမှာ သူဟာ သူ့သမီးလေးရဲ့ အရုပ်လေးကို အပေါ်ဆုံးမှာတင်ထားလိုက်ပါတယ်။
သေတ္တာကို ပိတ်လိုက်တဲ့ခါမှာ သူ့မျက်နှာဟာပြုံးနေပြီးတော့ သူ့စိတ်ဟာလည်း ပေါ့ပါးလန်းဆန်းနေပါတော့တယ်။


Maylay


Credit: http://pandalay.blogspot.com/search/label/%E1%80%98%E1%81%80%E1%80%A1%E1%80%9E%E1%80%AD
Back to top Go down
Sponsored content





PostSubject: Re: Heart Hit Stories!!!!   Heart Hit Stories!!!! Icon_minitime

Back to top Go down
 
Heart Hit Stories!!!!
Back to top 
Page 1 of 1
 Similar topics
-
» The men in our heart
» FUNNY STORIES!!
» My Heart Will Go On (fromTitanic)

Permissions in this forum:You cannot reply to topics in this forum
Welcome to Mandalay Technological University Forum :: General :: Conversastion Hall & Polls-
Jump to: